Lilac - BURMESE LYRICS
*Translation by Elizabeth (IG@elizabethelse97)ဘယ်လောက်ကြာခဲ့ပြီလဲ
မင်းဝေးသွားပြီးကတည်းက။
ဘာကြောင့်ဆို ငါကြေမွပျက်စီးသွားတဲ့ အပိုင်းအစတွေကို ဆုပ်ကိုင်ထားဆဲပါ
မင်းကို ဘယ်တုန်းကမှ နေချင်အောင် မစွမ်းဆောင်ခဲ့ပေမဲ့
အိုး…ဟိုတုန်းက မျှဝေခဲ့တဲ့ ငါ့တို့ရဲ့အပြုံးလေးတွေ
ငါ့ခေါင်းထဲမှာ ပြန့်ကျဲနေတဲ့ အမှတ်တရတွေပဲ ထင်ဟပ်ကျန်နေခဲ့တယ်
နာကျင်မှုနေရာမှာ ဝမ်းနည်းမှုတွေ၊ မီးခိုးရောင်ကောင်းကင်မှာ မိုးတွေအပြည့်နဲ့
ငါမင်းကို အချိန်တိုင်း တမ်းတနေတယ်၊ သိမ်းထားတဲ့လျို့ဝှက်ချက်ကို ငါထုတ်ဖော်ချင်ပါတယ်
မျက်ရည်တွေက အနီရောင်အဖြစ် စွန်းထင်းလာတဲ့အချိန်၊ မေ့ပစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပေမဲ့
ယိုယွင်းလာတဲ့ဘဝနဲ့ ဆက်လျှောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
ဒါက လုံလောက်ပါ့မလား။
ဘယ်လောက်ကြာဦးမှာလဲ။
နေ့သစ်ကို ငါမြင်ရသည့်တိုင်
အကြောင်းက ငါအကျိုးဆက်တွေကို ကြိုတွေးနေလို့ပါ
အမြဲတမ်း အပေးအယူသဘောပဲ ဖြစ်ခဲ့လား
ဒါပေမဲ့ ငါတို့ မြတ်နိုးမှုနဲ့ ဆုပ်ကိုင်ထားတဲ့ ဒီစာမျက်နှာလေးတွေမှာ
မင်းမပါဘဲ ငါထပ်ဖြည့်စွက်ဝံ့ပါ့မလား။
တိတ်ဆိတ်ခြင်းက အရောင်စွန်းပြီး ပြတ်သွားတဲ့ ချည်လိုပဲ ကံကြမ္မာက စုတ်ပြတ်သွားခဲ့
မင်းကို လက်လွှတ်လိုက်ချင်ပေမဲ့ ငါ မင်းနာမည်ကိုပဲ တမ်းတခေါ်မိခဲ့
ငါ့သွေးကြောထဲမှာ ခြစ်ရာတွေ နက်ရှိုင်းထင်ကျန်နေခဲ့ပြီး တစ်နေ့နေ့တော့ ဖြစ်နိုင်မှာပါ
နွေဦးပန်းလေးတွေ ရှင်သန်နိုင်ဖို့
လစ်ဟာနေတဲ့နေရာတွေမှာ
ဘယ်သူမှအစားမထိုးနိုင်ပါ
အဲ့လိုဖြစ်လာရင် လုံလောက်ပါတယ်
တစ်နေရာမှာ ငါပိတ်မိနေချိန်မှာ အချိန်တွေ တရွေ့ရွေ့ ရွေ့လျားနေတာကြောင့်
လက်လျော့ဖို့ အလိုမှာ
အရာအားလုံးက အေးစက်ငြိမ်သက်နေ
လက်လှမ်းမီဖို့ ငါကြိုးစားခဲ့ပြီး
အသက်ရှုဖို့ ရုန်းကန်နေရတယ်
ဒါဆို ဘာကြောင့်များ မလုံလောက်သေးသလဲ။
ပေးဆပ်လိုက်ပေမဲ့ ငါလမ်းပျောက်နေခဲ့
အခြားသူတွေ ခရီးဆက်လျှောက်နေချိန်
ဘယ်လောက်ကြာခဲ့ပြီလဲ။
မင်းငါနဲ့အတူ ဒီမှာရှိနေပေးမလား
ရောင်နီလာတဲ့အထိ။